ArrLu

ကင်ဆာ အဖုအကျိတ် များအတွက် “ထူးတဲ့ အာလူး”

ကင်ဆာ အဖုအကျိတ် များအတွက် “ထူးတဲ့ အာလူး”

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုးခေတ်စားနေပါတယ်။ လူအများ စိတ်ဝင်စားလာအောင် စတင်ထုတ်ဖော် ဆော်သြခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအရှင်တိုမီဇာ ဖြစ်ပါတယ်။ ထင်ပေါ် ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ အာလူးစိမ်းဖျော်ရည် ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အာလူးစိမ်းဖျော်ရည် ကြောင့် ရောဂါသက်သာ ပျောက်ကင်း သွားရတဲ့ လူနာတွေ၊ လူနာရှင်တွဆီက ကျေးဇူတင်ကြောင်း ပလူပျံသလို ရောက်လာတဲ့စာတွေကို အရှင်တိုမီဇာဝ လက်ခံ ရရှိခဲ့ပါတယ်။

ဆရာတော်က ဒီနှစ်ထဲမှာ ကင်ဆာလူနာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကိုမှီဝဲဖြစ်ခဲ့ကြပြီး ပမာဏတော်တော်များများဟာ သိသိသာသာသက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်။ အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။ ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါတယ်။ အဲဒီအရည် တစ်ဖန်ခွက်ကနေ နှစ်ဖန်ခွက်အထိ နေ့စဉ်မှီဝဲသွားရင် အသည်းရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခါးနာ၊ ပခုံးနာ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာတွေလည်း ရရှိထားကြောင်း သိရပါသည်။

သာဓကတစ်ခုပြုရင် မစ္စတာတီ ဆိုသူဟာ နားရွက်အောက်နားမှာ အဖုတစ်ခုပေါ်လာတာနဲ့ ဆေးရုံ သွားပြတော့ ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီးဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လည်း ကင်ဆာကလပ်စည်းတွေက အဆုတ်ထိတိုင်အောင် ပျံ့နှံ့သွားပါတယ်။ သက်ဆိုင်ရာဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေက ပျံ့နှံ့နေပြီဖြစ်လို့ ကုသလို့မရတော့ဘူးလို့ဆိုပါတယ်။ အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူး ဆိုပြီးသောက်ကြည့်တယ်။

အညွှန်းအတိုင်း နေ့စဉ် ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ်။ အခုဆိုရင် ကင်ဆာကလာပ်စည်းတွေ လျော့ကျ သွားပြီး ထိန်းချုပ် ထားနိုင်သွားတဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်း လာပါတယ်။ မူလ အလုပ်အကိုင်လည်း ပြန်ပြီး လုပ်ကိုင် နိုင်ပါပြီ။ သုတေသီ တိုမီဇသက သူ့ရဲ့ ‘ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း(The way to healthy life: Cancer not to be feared) ဆိုတဲ့စာအုပ်ထဲမှာ ‘ကင်ဆာရောဂါကို ခွဲစိတ်ကုသခဲ့ သည့်တိုင်အောင် လူနာရဲ့ အကြောက်တရားကြောင့် ကင်ဆာ ကလပ်စည်းတွေ ပျံ့နှံ့ကုန်ရပါတယ်။ သူဟာ ကင်ဆာဆေးတွေ အဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့ သတင်းမကြားရသလောက်ပါပဲ။

ဒီအပြင် ပြင်းထန်တဲ့ကုထုံးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာကခံစားရပါသေးတယ်။ အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း၊ အားအင်ချည့်နဲ့လာခြင်းတို့ ဖြစ်လာရပါတယ်။ အာလူးအစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင် ပြည့်ဖြိုးလာတာ တွေ့ရပါတယ်။ အာလူးပင်ဟာပင်ကိုယ်က အာဟာရပြည့်ဝ နေတဲ့ အစာတစ်ခု ဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး။ သူကိုမှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာကလာပ်စည်းတွေကို ဟန့်တား စေပါတယ်။ ‘ လို့ဖော်ပြ ထားပါတယ်။

အာလူးစိမ်းဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံး နိုင်ပါတယ်။ ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့အာနိသင်ကို တွေ့ထိ ခံစား နိုင်ပါတယ်။ ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက်သောက်ပြီးတာနဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတွေ တစ်စတစ်စ လျော့ပါးသွားပါမယ်။ ခံတွင်းပြန်ပြီး ကောင်းလာမယ်။ အသားအရေလည်း ပြန်ပြီး ကောင်းလာပါမယ်။

အာလူးစိမ်းဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့ နောက်တစ်ဦးကတော့ ဒေါက်တာကိုင်နိုရှိတ ဖြစ်ပါတယ်။ သူ့အဆိုတွေက အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းဆီက မဟာပထဝီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်းသိရပါတယ်။ အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့အများဆုံးပါဝင်ပါတယ်။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူး စိမ်းဓါတ်စာရည်ကို အစာအိမ်အနာပေါက်ခြင်း၊ ဝမ်းချုပ်ခြင်းတွေ အတွက် ပေးရကြောင်း ဖော်ပြထားပါတယ်။ ကင်ဆာကလာပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့်ပါတ်သက်ပြီး အာကိတတက္ကသိုလ် ဆေးသုတေန ဌာနက ပါမောက္ခကာဂါမိ ကနေ ကင်ဆာကလာပ်စည်းကို ထိန်းချုပ်စေတဲ့ဓါတ်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ်။

အဲဒီဆေးနဲ့ ကြွက်ကလေးအပေါ်မှာစမ်းသပ်ကြည့်တဲ့အခါ အလားအလာ ကောင်းမွန်ကြောင်း တွေ့ရပါတယ်။ သူဟာသူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာ ညီလာခံ(International Cancer Society Conference) မှာ ဖတ်ကြား တင်သွင်းခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ပဲ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းက အလွန်လွယ်ကူပါတယ်။ အရွယ်တူ အာလူး(၃)လုံးကို ယူပြီးရေစင်အောင်ဆေးပါ။ အခွံကိုမနွှာရပါ။ အစို့ပေါက်လေးများ ရှိလျှင်ဖယ်ရှားပစ်ပါ။ ပြီးလျှင်အာလူးကို သခွားခြစ် ဖြင့် အစလေးများဖြစ်အောင်လုပ်ပါ။ ပြီးပါက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးနှင့်ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ။ အဲဒီအရည်ကို ခွက်ထဲမှာထည့်ပြီး အရသာကောင်းအောင် ပျားရည်နည်းနည်းရောစပ်ပြီး သောက်ပါ။ အဲဒီအာလူးရည်ကို နံနက်တိုင်း တစ်ခွက်နှုန်း သောက်ပေးနိုင်ပါတယ်။
ယနေ့ကာလခေတ်ကာလတွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျများ သောရောဂါ ဖြစ်ပါသည်။ ကင်ဆာရောဂါ ပျောက်ကင်း/သက်သာ စေသော တိုင်းရင်းဆေး/နိုင်ငံခြားဖြစ်ဆေးဝါးများလည်း အမြောက်အများ ပေါ်တွက်လျှက်ရှိပါသည်။ ဗုဒ္ဓဘာသာအရ ဆိုသော် ခန္ဓာရှိ၍ ဝေဒနာရှိခြင်း ပင်ဖြစ်ပါသည်။

မိမိပြုသော ကုသိုလ် အကုသိုလ် အစုစုတို့သည် သံသရာ၍ တဖန်ပြန်၍ လည်ပါတ်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဓါတ်ကျ စိတ်အားငယ်ခြင်း မဖြစ်ကြပဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံခိုင်စွာ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည် ဖြစ်သည်။ မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသောဆေးဝါးများ၊ ဆရာသမားများနှင့် တွေ့ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်းပျောက်ကင်းချမ်းသာ နိုင်ပါသည်။

သို့ဖြစ်ရာ အထက်တွင်ဖော်ပြခဲ့သော အာလူးစိမ်း ဖျော်ရည် သည် ကုန်ကျစရိတ်နည်းပါးသည့် အပြင်ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်း သောဆေးတစ်ခွက်ဖြစ်ပါသည်။

credit

Leave a Comment

Your email address will not be published. Required fields are marked *