ကင်ဆာရောဂါ နုရင် သက်သာပျောက်ကင်းစေတဲ့ ကောက်ရင်ပန်းပင်
ကင်ဆာရောဂါ ဖြစ်ပြီဆိုရင် အိမ်မှာ ဒုက္ခ သုတ်ခ ငွေကုန် လူပန်းမဖြစ်ကြဖို့နှင့်လူတိုင်းသက်တမ်းစေ့နေနိုင်ဖို့ အတွက်မှတ်သားမိသမျှ ဖေါ်ပြအပ်ပါတယ်။ပုံတွင်ပြထားတာကတော့ ကင်ဆာပင်ခေါင် ကင်ဆာသီးပင်ခေါ် နတ်ဆေးပင်လို့ ခေ်ကြပါတယ်။ သူ့အပင်ကအရွက်ဟာ ကွမ်းရွက်နဲ့ အလားသဏ္တွန် တူပါတယ် သူ့အသီးဟာအညိုရောင်ပါ။ ကင်ဆာကဲ့သို့ အသီးမှာအမြစ်တွေဖွာ ထွက်၍သီးပါသည်။အာလူးအရောင်နဲ့လည်းသီးပါတယ်။ အစိမ်းပုံလည်းသီးပါတယ်။
အညိုရောင်သီးသောအသီးကသာ ကင်ဆာနိုင်နင်း ပြောက်ကင်းပါတယ်။ ၎င်းအသီးနုကိုခူး၍စားသော်၎င်း အသီးကိုလိမ်း၍သော်၎င်း ကင်ဆာဝေဒနာ အဆင့်(၁)၊ အဆင့်(၂) လောက်ကို သက်သာပျောက်ကင်းနိုင်ပါတယ်။
ဘယ်လိုဝေဒနာတွေသက်သာပျောက်ကင်းသွားနိုင်လဲ ကြည့်ရအောင်ပါ
– သားအိမ်ခေါင်းကင်ဆာဝေဒနာ၊ အူမကြီးကင်ဆာ၊ နို့ကင်ဆာ၊ အနာပဆုပ်၊ ကင်းနာအစရှိသည့် အမြစ်ပွား ဝေဒနာ ကင်ဆာရောဂါတွေကို နုစဉ်မှာသက်သာ ပျောက်ကင်းနိုင်ပါတယ်။ အသဲကင်ဆာ နုရင် အသီးစားယုံဖြင့်ပျောက်ကင်းပါသည်။ နို့ကင်ဆာ ပဆုပ်နာ ကင်းနာ များမှာ စားလည်းစား လိမ်းလည်းလိမ်းပါ ၎င်းအသီးကိုအမှုန့်ပြု၍လည်းစားသုံးနိုင်ပါသည်။ဒီပန်းရဲ့အမည်က ရုက္ခဗေဒအမည်ဖြင့် (Dioscorea bulbifera)လို့ခေါ်ပါတယ်။မြန်မာလိုဆိုရင်တော့ ကောက်ရင်ပန်း လို့ခေါ်ပါတယ်။
ဒီပန်းဟာ ကောက်ဦးပေါ်ချိန်(စပါးရိတ်သိမ်းချိန်)တန်ဆောင်မုန်းလများ၌ ပွင့်ပါတယ်။အရမ်းမွှေးပြီး ရင်ကိုအေးမြလန်းဆန်းစေပါတယ်။ အသီးကိုတော့ အစိမ်းစားရင် အဆိပ်အတောက်ဖြစ်တတ်ပြီး သူ့အသီးကို ပြုတ်ပြီး ကြော်စား၊ချက်စားလို့ရပါတယ်။ဒီအပင်တွေဟာ (Yam)လို့ခေါ်တဲ့ မျောက်ဥ၊ကျွေးဥ နှင့် ဝဥ မျိုးအုပ်စုထဲကဖြစ်ပါတယ်။သူ့အသီးကိုတော့ အင်္ဂလိပ်ဘာသာဖြင့် လေအာလူး (air potato)လေမျောက်ဥ( air yam) ခါးသောမျောက်ဥ( bitter yam)လူဝါးဝသောမျောက်ဥ(cheeky yam)အာလူးမျောက်ဥ(potato yam)ဟူ၍ အမျိုးမျိုးခေါ်ဆိုကြပါတယ်။
သူ့အပင်ရဲ့သဏ္ဍန်မတူသလို သူ့အသီး သဏ္ဍန်ကလည်း အမျိုးမျိုးကွဲပြားပါတယ်။ မတူညီပေမဲ့ စားသုံးလို့ရပါတယ်။ ချက်ပြုတ်မစားသောက်မှီ အဆိပ်အတောက်တွေကုန်စင်အောင် အရင်ဦးဆုံးပြုတ်ပါ။သူ့ရဲ့ပန်းပွင့်ဟာ အဝါရောင် နှင့် အညိုရောင် (၂)မျိုး ရှိပါတယ်။ ဒီပန်း ဘယ်လောက်မွှေးသလဲဆိုတာတော့ တောသူ တောင်သားများမှလွှဲ၍ မြို့ပေါ်သူ/သားများကတော့ သိရှိသူနည်းပါး ပါလိမ့်မယ်။ကဒူ ခေါ် မျောက်ဥပင်လေးတွေက မျိုးရင်း Dioscoreaceae (true yam in the yam family) ထဲမှာပါကြတယ်။
မြန်မာနိုင်ငံမှာတော့ ဒီအပင်ကို Chin, Kachin, Mandalay, Mon, Shan and Yangon နေရာတွေမှာတွေ့နိုင်ပါတယ်၊ တောထဲမှာ အရိုင်းပေါက်တဲ့အပင်အနေနဲ့ပါ၊ အခုတော့ စိုက်ပျိုးပင်အနေနဲ့တွေ့ရဘီ၊ အပင်က နှစ်ရှည်ခံ နွယ်ပင်အကြီးစားဖြစ်ပါတယ်။ မတ္တရာမြို့နယ် မန္တလေးတိုင်းမှာလည်းများ၏ မြေထဲမှာ တခုထက်ပိုသော tubers တွေရှိကြတယ်၊ အစာသိုလှောင်မှုအတွက် မြေထဲတွင်သာမက လေထဲမှာလည်းရှိတယ် ၊ အကိုင်းအခက်တွေကြားကလည်း အရွယ်အတော်ကြီးတဲ ဥတွေ ထွက်တယ်၊ လေထဲက ဥကို bulbils တွေလို့ခေါ်ကြတယ်။
ဒါ့ကြောင့်လည်း မြေမှာရော လေမှာရော စုဆောင်းတာမို့ two types of storage organ လို့တင်စားနိုင်တာပေါ့၊ လေထဲက ဥ တွေက အာလူးနဲ့တူလှတယ်၊ ဒါကြောင့်လည်း air potato လို့ခေါ်ကြတာပေါ့။ ကိုယ့်ဆီမှာတင်စိုက်တာမဟုတ် West Africa နိုင်ငံမှာဆို food crop, အနေနဲ့ စိုက်ကြတယ်။ အရသာက ပိန်းဥ ကန်ဇွန်းဥ အာလူးတွေလိုရှိတာမို့ အစားထိုးစားကြတာပါ၊ တကယ်တော့ သူ့အရသာက အစိမ်းဆို ခါးသက်တယ် ဒါပေမဲ့ အဲဒီခါးသက်မှုကို ပြုတ်လိုက်ရင် ဖယ်ရှားလို့ရတယ်။ပြုတ်ပြီးရင်တော့ အရသာရှိလှသော မျောက်ဥပြုတ် ရဘီပေါ့။
Air potato ဟာကြီးထွားနှုံးသိပ်မြန်တယ် လေ့လာချက်အရ တရက်ကို ၈ လက်မ အထိကြီးတယ်၊ အခြားအပင်ကြီးတွေနွယ်တက်ရင်း နောက်ဆုံး ပေ ၆၀ ကျော် အထိမြင့်လာတော့တယ်၊ မျိုးပွားရာမှာလည်း အသီးကအစေ့ ထက် bulbils တွေကနေပွားကြတယ် အပင်ပေါ်က ကြွေမကျခင် bulbils တွေမှာ အမြစ်တွေကထွက်နေဘီ၊ စိုက်ရပျိုးရ အတော်လွယ်မည့်အပင်တပင်ပါဘဲ၊ ဆောင်းရာသီရောက်လို့ မြေပေါ်ပိုင်းအပင်တွေသေသော်လည်း မြေအောက်ဥ မြေပေါ်ဥများနဲ့ ပြန်လည်ရှင်သန်နိုင်ကြတယ်၊ တကယ်တော့ မျောက်ဥပင်တွေက dioecious ခေါ် အဖို အမ သီးစီရှိသောအပင်တွေပါ၊ အဆင့်မြင့်ပါတယ်၊ အရွက်တွေက ပုံမှာအတိုက်း နှလုံးပုံရှိကြတယ်။ ရွက်သားက နုညံ့လှတယ်။ရွက်ကြောတွေက ထင်ရှားတယ်၊ ပန်းခိုင်တွေက ကြားထွက် paniculate spike ဖြစ်ကြတယ်။ အဖိုပန်းခိုင်လေးတွေက အစပိုင်း greenish white ဖြစ်သော်လည်း နောက်ပိုင်း ဝတ်ဆံတန်တွေစုံလာရင် purple အရောင်ပြောင်းတတ်တယ်။ ပွင့်ရွက်အုံ perianth-segments ၆ ခုပါတယ်၊ ၂ ရစ်တည်ပြီး အခြေမှာဆက်နေကြတယ်၊ ဝတ်ဆံဖိုလည်း ၆ ခုပါတယ်။ မအင်္ဂါမြုံ pistillode မတွေ့ရဖူး၊ အမပန်းခိုင်တွေက တွဲလျားကျတေတ်တယ်။အရောင်က greenish white ပါ။ ပွင့်ရွက်အုံက အဖိုပွင့်အတိုင်းပါဘဲ၊ ဝတ်ဆံဖိုအမြုံ staminodes ၆ ခုပါတယ်၊ အစေ့အိမ်ကိုဖြတ်ကြည့်ရင် အခန်း ၃ ခန်းပါပြီး တခန်းမှာ အစေ့လောင်း ၂စေ့စီက ဝင်ရိုးစီချက်တိုင်ကိုတွယ်ကပ်လို့နေကြတယ်၊ အသီးကတော့ အက်ကွဲသီး capsular ဖြစ်တယ် ၊ အစေ့တွေက အတောင်ပါပြီး စေ့တွင်းစာရှိသည်။ အရှင်နာဂသိမ် ဆေးကျမ်းထဲမှာတော့ ကဒူဥ ခေါ် ကောက်ရင်ပန်းခေါ်ကြတယ်၊ ဝဖြိုးစေ၏ ဓတ်တို့ကိုပြောင်းစေ၏ ကာမကိုအားပေး၏ သုတ်ကိုပွားစေ၏ ။အသံကိုသာယာစေ၏ နူနာရောဂါ ကုသလရောဂါ ပျောက်စေ၏ အရေပြားရောဂါပျောက်စေ၏ ။အသက်ကိုရှည်စေ၏ ပိုးကိုနိုင်၏။
သည်းခြေ သလိပ်ကိုပယ်၏ ။အနာပေါက် လေပြွန်ချောင်းပူ မြင်းသရိုက် ကျောက်တည်နာ ဆီးနှင့်ဆက်စပ်ရောဂါတို့ကိုနိုင်၏ လို့ဆိုထားပါတယ် ။ထို့ပြင် ယားယံစေသောအဆိပ်တမျိုးရှိလို့ အခွံသင်ပါးပါးလှီးနေလှမ်းပြီး ပြာကိုဖယ်ပြီးစားသင့်ကြောင်းရေးထားလို့ ဗဟုသုတများစွာရစေတယ်။သုတေသနတခုကတင်ပြချက်မှာ သူ့မှာ အဆိပ်ရှိတယ် ၊ အဲဒါက steroid diosgenin ပါဝင်နေတယ်၊ ဒါ့ကြောင့် သေသေခြာခြာ ပြုတ်ပြီးမှသာ စားသုံးသင့်တယ်လို့ ပညာရှင်များက အကြံပြုထားတာ မှတ်သားမိပါတယ်။
Credit to originer uploader