ကင်ဆာကာကွယ်ပြီး သွေးကြောခဲ၊ အကြိတ်ရောင်၊ အနာပြည်တည်ခြင်း၊ ဝမ်းကိုက်ခြင်းနှင့်မျက်ထောင့်ပင်၏ ဆေးအစွမ်းများ
မျက်ထောင့်ပင်တွေ့ရင် နှုတ်မပစ်ပါနဲ့တော့။ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အလွန်အကျိုးဖြစ်ထွန်းစေတဲ့ အရွက်တစ်မျိုးလို့ ပြောနိုင်ပါတယ်။ မျက်ထောင့်ပင်လို့ ခေါ်ပြီး တခြားနယ်တွေမှာ အခေါ်အဝေါ် ကွဲကောင်း ကွဲနိုင်ပါတယ်။ အင်္ဂလိပ်လိုတော့ (Purslane) လို့ခေါ်ပါတယ်။ အစိမ်းရောင် အပင်နဲ့ အနီရောင်ပင် (၂) မျိုးရှိတယ်။ သုတေသန ဖေါ်ပြချက်တွေအရ အမျှင်ဓါတ်၊ ဗီတာမင်၊ ဓါတ်ဆား၊ အိုမီကာ 3 ပါဝင်ပြီး သွေးတိုးကျစေတယ် သွေးလေညှိပေးတယ်လို့ ဆိုပါတယ် ကင်ဆာရောဂါအတွက် ကာကွယ်ပေးတယ်လို့ဆိုပါတယ် သွေးကြောခဲမာခြင်း အူချောင်း ရောင်နာ အကြိတ်ရောင်နာ အနာပြည်တည်ခြင်းများကို ကုသရာတွင်လည်း သက်သာစေတယ်လို့ဆိုပါတယ် အပြင်းစား အူအတက်ရောင်ရောဂါကို ကုသပေးတယ်။ ဝမ်းကိုက်ရောဂါကို ကာကွယ်ပေးတယ်။ အစိမ်း ဒါမှမဟုတ် ရေနွေဖျောပြီး တို့စရာအဖြစ် စားသုံးနိုင်တယ်။ ကြော်စားနိုင်တယ်။ ချည်ဖတ်ထည့်စားလို့ရတယ်။ ကြက်ဥနဲ့ ရောကြော်စားလို့ရတယ်။
မူရင်းရေးသားသူအားလေးစားစွာဖြင့်ကူးယူဖော်ပြပါသည်